ဘိုကလေးမြို့နယ်၌ ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်းစိုက်ပျိုးပွဲကျင်းပ
ဘိုကလေး အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်အတွင်းရှိ တောင်သူများ ကော်ဖီသီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး၊ နှစ်ရှည်သီးပင်များကြားတွင် ကော်ဖီပင် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်ဧရိယာတိုးတက်ကာ မြန်မာ့ကော်ဖီ ကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်နိုင်ရေးရည်ရွယ်၍ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် စုပေါင်းစိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ၌ ကျင်းပသည်။