The Association of Medical Doctors of Asia-AMDA (အာရှဆေးဘက်ဆိုင်ရာ ဆရာဝန်များအသင်း) နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် The Association of Medical Doctors of Asia-AMDA (အာရှဆေးဘက်ဆိုင်ရာ ဆရာဝန်များအသင်း) တို့ပူးပေါင်း၍ ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ စီမံကိန်းအဆင့် ၃ ဆင့်ဖြင့် အမေရိကန် ဒေါ်လာ ၂.၅၄၁ သန်းသုံးစွဲ၍ စားနပ်ရိက္ခာထောက်ပံ့ရေးလုပ်ငန်း၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း၊ မိခင်နှင့် ကလေး အာဟာရ ထောက်ပံ့ရေးလုပ်ငန်း၊ အခြေခံ အဆောက်အဦး ဖွံ့ဖြိုးရေး လုပ်ငန်းများအား ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုုပ်ခွင့်ရဒေသ တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

planing planning

စီမံကိန်းပထမအဆင့်အနေဖြင့် ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၀.၅၈၀ သန်း သုံးစွဲ၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် စားနပ်ရိက္ခာထောက်ပံ့ခြင်း၊ ဆေးပေးခန်း ဆောက်လုပ်ခြင်း၊ ဆေးပစ္စည်းကိရိယာများ ထောက်ပံ့ခြင်း၊ စံပြအိမ်သာ ဆောက်လုပ်ခြင်း၊ မွေးကင်းစ ကလေးအား ပြုစုစောင့်ရှောက်ခြင်း၊ မိခင်နှင့် ကလေးအား အာဟာရ တိုက်ကျွေးခြင်း၊ ဆေးရုံသုံး ပစ္စည်း သုံးစွဲနည်း သင်တန်းပေးခြင်းများအား လည်းကောင်း၊ စီမံကိန်း ဒုတိယအဆင့်အနေဖြင့် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၀.၄၀၀ သန်း သုံးစွဲ၍ မန်လော်၊ တာရွှေထန်၊ ကြာစီရှူး၊ ဟိုပင်ချန်၊ မဥ္စူရှမ်၊ လောက်ကိုင်၊ ကုန်းကြမ်းမြို့နယ်တို့တွင် မိခင်နှင့် ကလေးအာဟာရ ပြည့်ဝရေး ထောက်ပံ့မှုလုပ်ငန်းများ၊ ကျောင်း ထောက်ပံ့ရေး လုပ်ငန်းများ၊ အသေးစားလူထု အဆောက်အဦး လုပ်ငန်းများ၊ အသေးစား စီးပွားရေးနှင့် ဝင်ငွေရရှိရေး လုပ်ငန်းများအားလည်းကောင်း၊ စီမံကိန်း တတိယအဆင့်အနေဖြင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁.၅၆၁ သန်း သုံးစွဲ၍ ကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ ကုန်းကြမ်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူဒေသ တို့တွင် ကျန်းမာရေး အသိပညာပေးခြင်း၊ ဒေသခံ စေတနာ့ ဝန်ထမ်များအား စွမ်းဆောင်ရည် မြှင့်တင် ပေးခြင်း၊ ကာကွယ်ဆေးထိုး/တိုက်ကျွေးခြင်းလုပ်ငန်များ ကူညီပံ့ပိုးပေးခြင်း၊ ရေရရှိရေးလုပ်ငန်းများ၊ စံပြအိမ်သာဆောက်လုပ်ခြင်းလုပ်ငန်းများအားလည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

Post Paragraph