ဘိုကလေးမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ

ဘိုကလေး၊ စက်တင်ဘာ ၁၄
    ဘိုကလေးမြို့နယ်ရှိ  နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပသည်။ 
    စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့် နှင့် Book Club အဖွဲ့ဝင် စာရေးဆရာမ ကလောင်ရှင် အလင်းနတ်သမီးတို့က နယ်စပ်ဒေသတိုင်းရင်းသား သင်တန်းသား၊ သင်တန်းသူ လူငယ်မောင်မယ်များနှင့်အတူ လူငယ်နှင့် စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ဝါသနာ၊ လူငယ်နှင့်အောင်မြင်မှုစသော ခေါင်းစဉ်များဖြင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ လေ့လာမှတ်သားစရာများကို ဦးဆောင်ဆွေးနွေး ခဲ့ကြသည်။
    စကားဝိုင်းသို့ ဘိုကလေးမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသားလူငယ်မောင်မယ်များ တက်ရောက်ကြကြောင်း သိရသည်။
 

Post Paragraph