ရန်ကုန် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၉၆/၉၇) သင်တန်းများဖွင့်ပွဲ အခမ်းအနားကို သင်တန်းသား၊ သင်တန်းသူ (၁၂၀) ဦး တို့ဖြင့် (၁၆-၁၁-၂၀၁၆) ရက်နေ့၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဦး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားပြီး အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၉၆) တွင် နယ်စပ်ဦးစီးမှ အမျိုးသားဝန်ထမ်း (၆၀) ဦး၊ စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၉၇) တွင် ပညာ/လေ့ကျင့်ဦးစီးမှ အမျိုးသားဝန်ထမ်း (၆၀) ဦး၊ စုစုပေါင်း သင်တန်းသား (၁၂၀) ဦး၊ ဧည့်သည်တော်များနှင့် ဗဟိုလေ့ကျင့်ရေးကျောင်းရှိ ဝန်ထမ်းအင်အား (၈၀) ဦး၊ စုစုပေါင်းအင်အား (၂၀၀) ဦးတို့ တက်ရောက်ခဲ့ကြ ပါသည်။
ထို့နောက် အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၀) (ပညာ/လေ့ကျင့်ဦးစီးဌာန-၂၀ဦး) တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ် ခဲ့ရာ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်၊ ကျောင်းအုပ်ကြီး ဒေါက်တာမင်းသန့် တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ သင်တန်းသူ (၂၀) ဦး၊ ဗဟိုလေ့ကျင့်ရေးကျောင်းရှိ ဝန်ထမ်းများ (၇၅) ဦး၊ စုစုပေါင်း (၉၅) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။