ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ၁၉၉၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၄၂.၈၈၆ သန်းဖြင့် မွန်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နယ်စပ်ဒေသများတွင် ဘိန်းအစားထိုးသီးနှံ အဖြစ် ပန်းဂျုံ စမ်းသပ်စိုက်ပျိုးခြင်း၊ နည်းစနစ်များအား ဒေသခံတောင်သူများအား သင်ကြားပို့ချ ပေးခြင်း၊ ပန်းဂျုံ ထွက်ကုန်ပစ္စည်းများအား ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိအောင် ဆောင်ရွက်ပေး ခြင်း၊ လမ်းဖောက် လုပ်ပေးခြင်း၊ အရေးပေါ်ထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် အသက်မွေးဝမ်း ကျောင်းမှု မြှင့်တင်ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

planing planning

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)လောက်ကိုင်၊ ကျောက်မဲ၊ လားရှိုးနှင့် မူဆယ်ခရိုင် တို့တွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းအား ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ အမေရိကန် ဒေါ်လာ ၆.၄၁၀ သန်း ဖြင့် လိုအပ်ချက်စစ်တမ်း ကောက်ယူမှုများ ဆောင်ရွက်ခဲ့ပြီး ရလာဒ်များအရ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း တွင် လုံခြုံရေး အခြေအနေများကြောင့် စီမံကိန်းDesign ပုံစံကို ပြောင်းလဲ ပြင်ဆင်ခဲ့ပြီး စွမ်းရည် မြှင့်တင်ခြင်း လုပ်ငန်း(သင်တန်း) များကို တိုးချဲ့ ဆောင်ရွက်ခြင်း၊ စံပြစိုက်ပျိုးရေး တိုးချဲ့လုပ်ငန်း များ ဆောင်ရွက် ခြင်း၊ လားရှိုး အနီးတစ်ဝိုက်ရှိ ကျေးရွာ ၆ ရွာတို့တွင် လူနေမှုဘဝ ဖွံ့ဖြိုး တိုးတက် ရေး လုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ကျောက်မဲ၊ နောင်မွန် စိုက်ပျိုးရေး သုတေသနခြံများတွင် စိုက်ပျိုးရေးသုံးအလုပ်ရုံ ၂ ခု ဆောက်လုပ်ပေးခြင်း၊ ကွန်ကရစ်အုတ်ကန် ၂ကန်ဆောင်ရွက်ပေး ခြင်း၊ အဝီစိတွင်းများ တူးဖော် ပေးခြင်း၊ တလင်းပြင်များ တည်ဆောက်ပေးခြင်း၊ ရေပိုက်လိုင်းများ သွယ်တန်း ပေးခြင်း၊ စံပြစိုက်ကွက်များ ထူထောင် ပေးခြင်း၊ မိုးလေဝသတိုင်း ကိရိယာ ၂ စုံ ထောက်ပံ့ပေးခြင်း၊ စိုက်ပျိုး/ မွေးမြူရေး အတွက် ထောက်ပံ့ပေးခြင်း၊ ဆိုလာမီးလင်းရေး အတွက် ဆိုလာ ၂၅၇ စုံ ထောက်ပံ့ပေး ခြင်း၊ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး သင်တန်းပေးခြင်း၊ ပြည်ပ လေ့လာရေး ခရီးစဉ်များ ဆောင်ရွက် ပေးခြင်း၊ သီးနှံများ အား စံပြစမ်းသပ် စိုက်ပျိုးပေးခြင်းနှင့် စိုက်ပျိုးရေးနည်း စနစ်သစ် ၃ မျိုး ကို လေ့ကျင့်သင်ကြားပေးနိုင်ခြင်း၊ ဝက်မွေးမြူရေး၊ ကြက်မွေးမြူ ရေး၊ ငါးမွေးမြူရေး၊ မျိုးစေ့ဘဏ်၊ တန်ဖိုးမြှင့် စားသောက် ကုန်စည် ထုတ်လုပ်ခြင်း လုပ်ငန်း (သစ်သီးယို ထုတ်လုပ်ခြင်း)၊ စားကျက်မြေ စိုက်ပျိုးခြင်း၊ စက်ချုပ် သင်တန်းများကို ဆောင်ရွက် ပေးခြင်း၊ အစားထိုး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆရာဖြစ် သင်တန်း ၁ ကြိမ် ဆောင်ရွက်ခဲ့ပြီး ဆင့်ပွားသင်တန်း ၂ ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

planing planning

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့ ပူးပေါင်း၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသား လူမျိုးစုများ အား ထောက်ကူရေး ဒေသဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ရေးဆွဲရေး စီမံကိန်းအား ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ အမေရိကန်ဒေါ်လာ ၆.၀၀၀ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ဘက်စုံဒေသန္တရ ဖွံ့ဖြိုးရေးစီမံကိန်းဖွံ့ဖြိုးမှုအစီရင်ခံစာနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်ချက် တို့ထွက်ပေါ်ခဲ့ပါ သည်။ ရှေ့ပြေးစီမံကိန်းလုပ်ငန်းများ အနေဖြင့် ရေရရှိရေးလုပ်ငန်း၂ခု၊ စာသင်ကျောင်း ၄ကျောင်း၊ ကျေးရွာခန်းမ ၁ခု၊ မုက္ကထိမြစ်ကမ်းထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်း ၁ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၃ ခု၊ မွန်ပြည်နယ်၌ လျှပ်စစ်မီးရရှိရေး လုပ်ငန်း ၁ခု၊ ဆရာ/ဆရာမ နားနေဆောင် ၁ခု၊ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုစင်တာ ၁ခု၊ ပေါင်းစည်း လယ်ယာ ဆောင်ရွက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။

Post Paragraph