ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ Sustainabridge(SB) တို့ ပူးပေါင်း၍ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၀.၇၄ သန်းဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၁ နှစ် သက်တမ်းရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ ဘားအံ လုပ်ငန်းအကောင်အထည်ဖော်မှုစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းစီမံကိန်းအား ၃၀-၇-၂၀၂၁ ရက်နေ့ တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းကာလအတွင်း သင်တန်း ၂ ကြိမ် ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ပါသည်။
![]() |
![]() |
နားလည်မှုစာချွန်လွှာအရ ယခင် BAJ အမည်ဖြင့် လက်မှတ်ရေးထိုးခဲ့သည့် MoU သက်တမ်းကာလအတွင်း ခေတ္တရပ်နားထားခဲ့သော ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၁၁) မှ သင်တန်းသား ၅ ဦး၊ လျှပ်စစ်ပိုင်းဆိုင်ရာသင်တန်းအမှတ်စဉ်(၁၁) မှ သင်တန်းသား ၄ ဦး၊ မော်တော် ယာဉ်/စက်ပြင်သင်တန်း အမှတ်စဉ်(၁၀)မှ သင်တန်းသား ၁၇ ဦးနှင့် ဂဟေသင်တန်း အမှတ်စဉ် (၉) မှ သင်တန်းသား ၁၀ ဦး၊ စုစုပေါင်း သင်တန်းသား ၃၆ ဦးဖြင့် သင်တန်းများအား ၂၂-၁၁-၂၀၂၁ ရက်နေ့မှ ၂၅-၃-၂၀၂၂ ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။
![]() |
![]() |



