ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာ သင်တန်းကျောင်းဆောက်လုပ် သင်တန်းပေးရေးစီမံကိန်း (The Establishment of Technical School for National Youth in Border Areas in Hpa-An Township, Kayin State and Training Programme)

ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ Bridge Asia Japan တို့ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁.၅၄ သန်းဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၆ နှစ် သက်တမ်းရှိ ကရင် ပြည်နယ်၊ ဘားအံမြို့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း ဆောက်လုပ် သင်တန်းပေးရေးစီမံကိန်းအား ၂၇-၁၂-၂၀၁၃ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

စီမံကိန်းကာလအတွင်း စာသင်ခန်း ၁ ခန်း၊ ကျောင်းသား အိပ်ဆောင် ၃ လုံး၊ ရေချိုးခန်း နှင့် အိမ်သာ ၃ လုံး၊ အုပ်ချုပ်မှုရုံး ၁ လုံး၊ စက်ပြင်အလုပ်ရုံ ၁ လုံး၊ ဂဟေနှင့် လျှပ်စစ်အလုပ်ရုံ ၁ လုံး၊ မီးစက်ခန်းအဆောက်အအုံ ၁ လုံး၊ 100 KVA ထရန်စဖော်မာခွဲတစ်ခုနှင့် 400 V ဓာတ် အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ကျောင်းတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ မီးဖိုဆောင်နှင့် ကျွေးမွေးဆောင် ၁ လုံး၊ ရေတွင်းကျယ် ၁ တွင်း၊ ကျောင်းဝန်းခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ ရေစင်မြင့်၊ ရေလှောင်ကန်နှင့် ရေဖြန့်ဖြူးရေးစနစ်၊ လျှပ်စစ်အလုပ်ရုံ ၁ လုံး၊ ဆောက်လုပ်ရေးအလုပ်ရုံ ၁ လုံးနှင့် သင်တန်းခန်းမဆောင် ၁ လုံးတို့ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆောက်လုပ်ရေးသင်တန်း ၁၀ ကြိမ်၊ လျှပ်စစ်သင်တန်း ၁၀ ကြိမ်၊ မော်တော်ယာဉ် စက်ပြင်သင်တန်း ၉ ကြိမ်နှင့် ဂဟေသင်တန်း ၈ ကြိမ်တို့ဖြင့် သင်တန်းသား စုစုပေါင်း ၈၉၂ ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီး သင်တန်းသား ၇၂၀ ဦးမှာ ထိုပညာရပ်များဖြင့် အလုပ်အကိုင်ရရှိပြီးဖြစ်ပါသည်။