ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ပူးပေါင်းဆောင်ရွက်မှု

ဂျပန်သံရုံး၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Programme - WFP) မှ မြန်မာနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးအရာရှိ ဖြစ်သူ Mr. Bradley Guerrant သည် ၂၀၀၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့အထိ ကိုးကန့်ဒေသအတွင်း ဘိန်းမစိုက်တောင်သူများ စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေကို ကွင်းဆင်းလေ့လာခဲ့ရာ ဒေသခံတောင်သူများ စားနပ်ရိက္ခာ ပြတ်လပ်ပြီး အခက်အခဲအမှန်တကယ် ကြုံတွေ့လျှက်ရှိကြောင်း ဗန်ကောက်အခြေစိုက် WFP Regional ရုံးသို့ ထောက်ခံတင်ပြခဲ့ခြင်းမှ အစပြု၍ အရေးပေါ်ထောက်ပံ့ရေး စီမံကိန်းများနှင့် ရေရှည်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းများအား အဆင့်ဆင့်တိုးချဲ့ ဆောင်ရွက်ခဲ့ပါသည်။

planing planning

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)တို့ ပူးပေါင်း၍ အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့ရေး(ရှေ့ပြေး)စီမံကိန်း အနေဖြင့် ၂၀၀၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၀.၁၉၉ သန်းဖြင့် ဆန်တန်ချိန် ၇၆၀ ဖြန့်ဝေခြင်းအား ကိုးကန့်ဒေသ၌ လည်းကောင်း၊ အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့ရေးစီမံကိန်း အဆင့် ၁ နှင့် ၂ အနေဖြင့် ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ် အထိ အမေရိကန်ဒေါ်လာ ၃.၆၇၁ သန်းဖြင့် ဆန်နှင့် စားနပ်ရိက္ခာ ၂၉,၈၁၆ မက်ထရစ်တန် ဖြန့်ဝေခြင်း အား ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသနှင့် “ဝ” ဒေသတို့တွင်လည်းကောင်း၊ ရေရှည် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ် အနေဖြင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ် အထိ အမေရိကန် ဒေါ်လာ ၁၇၃.၅၁ သန်းဖြင့် ဆန်နှင့် စားနပ်ရိက္ခာ ၂၇၁,၉၅၉ မက်ထရစ်တန် ဖြန့်ဝေခြင်းအား ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် နှင့် မကွေးတိုင်း ဒေသကြီးတို့၌ လည်းကောင်း၊ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ကာလအတွင်း အခက်အခဲ ကြုံတွေ့နေရသော ဒေသများတွင် စားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်းအား လျော့နည်းစေရေး နှင့် အာဟာရချို့တဲ့မှုမရှိစေရေး ထောက်ပံ့ကူညီပေးမည့် စီမံကိန်းကို ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမေရိကန် ဒေါ်လာ ၃၀၂.၄၈၁ သန်းဖြင့် ဆန်နှင့် စားနပ်ရိက္ခာ ၂၇၀,၂၀၀ မက်ထရစ်တန် ဖြန့်ဝေခြင်းအား လည်းကောင်း ‌ဆောင်ရွက်ပေးခဲ့ပါသည်။

Post Paragraph