ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပူးပေါင်းဆောင်ရွက်မှု

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် UNHCR တို့ ပူးပေါင်း၍ အသေးစားစီမံကိန်း လုပ်ငန်းများဖြစ်သည့် ပညာရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ ရေရရှိရေး လုပ်ငန်း၊ လူထုအသိပညာပေးသင်တန်းပေးခြင်း၊ အရေးပေါ်ထောက်ပံ့မှု လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၀၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ စီမံကိန်း အဆင့် ၅ ဆင့်ဖြင့် အမေရိကန် ဒေါ်လာ ၆၂၂.၄၈ သန်း သုံးစွဲ၍ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စီမံကိန်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

planing planning

စီမံကိန်း ပထမအဆင့် အနေဖြင့်၂၀၀၅ ခုနှစ် မှ မှ ၂၀၀၆ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၀.၅၈၂ သန်း သုံးစွဲ၍ လည်းကောင်း၊ ဒုတိယအဆင့် အနေဖြင့် ၂၀၀၆ ခုနှစ် မှ ၂၀၀၇ ခုနှစ်အထိ အမေရိကန် ဒေါ်လာ ၀.၈၆၃ သန်း သုံးစွဲ၍ လည်းကောင်း၊ တတိယအဆင့် အနေဖြင့် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃.၁၅၀ သန်း သုံးစွဲ၍ လည်းကောင်း၊ စတုတ္ထအဆင့် အနေဖြင့် ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၄.၀၀၀ သန်း သုံးစွဲ၍ လည်းကောင်း၊ ပဉ္စမအဆင့် အနေဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၉.၀၅၀ သန်း သုံးစွဲ၍ လည်းကောင်း စာသင်ကျောင်းများ ဆောက်လုပ်ပြုပြင်ခြင်း၊ ပရိဘောဂများထောက်ပံ့ပေးခြင်း၊ ရေတွင်းရေကန်များ ဆောက်လုပ် ပြုပြင်ခြင်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲများ ‌ဆောက်လုပ်ပြုပြင်ခြင်း နှင့် တံတားငယ်များ တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများအား ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

Post Paragraph