မူဆယ်မြို့၌ အဆင့်မြင့်စက်ချုပ်သင်တန်းဆင်း

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မူဆယ်) မှ ဖွင့်လှစ်သော အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း(အမှတ်စဉ်-၅)ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပသည်။      
     သင်တန်းဆင်းပွဲတွင်  မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး  ဦးစန်းမင်းက သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး သင်တန်းကျောင်းအုပ် ဒေါ်နန်းစောရင်ကသင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
    ဆက်လက်၍ သင်တန်းထူးချွန်ဆုရရှိသည့် သင်တန်းသူအား ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနက ချီးမြှင့်သည့် အပ်ချုပ်စက်တစ်စုံကို ခရိုင်အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ သင်တန်းတွင် ဒုတိယဆုနှင့်တတိယဆုရရှိသော သင်တန်းသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်အောင်နှင့် တာဝန်ရှိသူများကလည်းကောင်း၊   သင်တန်းဆင်းအောင်လက်မှတ်များကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကိန်မိုင်ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
 

Post Paragraph