နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Terra People Association (TPA)တို့ ပူးပေါင်း၍ ၂၀၀၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အပြန်အလှန် ဆက်နွယ်အကျိုးပြု လူမှုအဖွဲ့အစည်းဖန်တီးဖော်ဆောင်ခြင်း စီမံကိန်းအား စီမံကိန်း အဆင့် ၅ ဆင့်ဖြင့် အမေရိကန် ဒေါ်လာ ၅.၄၈၈ သန်း သုံးစွဲ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင် မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ် နှင့် နောင်တရား မြို့နယ်တို့တွင် အပြန်အလှန်အကျိုးပြု လူမှုအဖွဲ့အစည်း ဖန်တီးဖော်ဆောင်ခြင်း စီမံကိန်းအနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
![]() |
![]() |
လက်ရှိစီမံကိန်း ဆဌမအဆင့်တွင် အမေရိကန်ဒေါ်လာ ၃.၀၀၄ သန်း လျာထား၍ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအထိ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်အတွင်းရှိ သန့်ရှင်းသော သောက်သုံးရေနှင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျောက်တလုံးကြီးမြို့၊ နောင်ကား ဒေသတွင် ဆည်တည်ဆောက်ရေးနှင့် စိုက်ပျိုးရေသွယ်ယူခြင်းနှင့် နောင်ကား ကျေးလက်ဒေသဖွံ့ ဖြိုးရေး သင်တန်းကျောင်းအတွက် ထောက်ပံ့ခြင်း၊ ဟိုပုံးမြို့နယ်တွင် ဆည်တည်ဆောက်ရေး နှင့် စိုက်ပျိုးရေသွယ်ယူခြင်း၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ် နှင့်ပင်လောင်း မြို့နယ်တို့ရှိ အထက ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ကြေးပံ့ပိုးခြင်း၊ ညောင်ရွှေ မြို့နယ်၊ တောင်ပို့ကြီး စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ထောက်ပံ့ခြင်း လုပ်ငန်း များအား အမေရိကန်ဒေါ်လာ ၁,၆၇၉,၇၉၄ ဖြင့် လည်းကောင်း ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားခြင်း၊ မင်းတပ်မြို့နယ်တွင် ကျောင်းဆောင်ပြုပြင်ခြင်း၊ သောက်သုံးရေ ဖြန့်ဝေရေး နှင့် ကျောင်းဥယျာဉ်ခြံ ထောက်ပံ့ခြင်း လုပ်ငန်းများအား အမေရိကန် ဒေါ်လာ၂.၀၅၆ သန်း သုံးစွဲ၍ လည်းကောင်း စီမံကိန်းလျာထားချက်၏ ၈၃% ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါသည်။
![]() |
![]() |



