နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော စစ်တွေမြို့နယ်၊ ပလ္လင်ပြင်-အောင်ဒိုင်-ကျက်တောပြင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေလ ၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြု ရန်ပုံငွေကျပ်သန်း (၄၁၈.၈၅၄) ဖြင့် ဆောင်ရွက်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ပလ္လင်ပြင်-အောင်ဒိုင်-ကျက်တောပြင်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း (၃/၁) မိုင် ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် (၇) နာရီအချိန်တွင် အဆိုပါလမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ရခိုင် ပြည်နယ်ရှေ့နေချုပ် ဦးကျော်လှထွန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
    အခမ်းအနားတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးခင်မောင်ထွဋ်က ကွန်ကရစ်လမ်း ဖောက်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံရပ်မိရပ်ဖ ဦးစောလှဖြူက ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးတို့က ကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
    ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွန်ကရစ်လမ်းအား လိုက်လံကြည့်ရှု စစ်ဆေးကာ  ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံ ပြည်သူလူထုများနှင့်အတူ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ ဖွင့်လှစ်ပေး ခဲ့သော  စစ်တွေမြို့နယ် ပလ္လင်ပြင်-အောင်ဒိုင်-ကျက်တောပြင် ကျေးရွာချင်းဆက်လမ်းသည်လည်း ဒေသခံတိုင်းရင်းသားများ၏ အမှန်တကယ်လိုအပ်သော လမ်းဖြစ်ပြီး ဒေသခံတိုင်းရင်းသား ပြည်သူလူထုများအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများနှင့် လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးတို့အတွက် များစွာအထောက်အကူ ရရှိမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

 

Post Paragraph