ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) မြန်မာ့ရိုးရာသိုင်းပညာ အခြေခံသင်တန်း အမှတ်စဉ်(၄) ဖွင့်လှစ်
ရန်ကုန် ဒီဇင်ဘာ ၁၇
ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် မြန်မာ့ရိုးရာ သိုင်းပညာ အခြေခံများ တတ်မြောက်စေရန် ရည်ရွယ်၍ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ မြန်မာ့ရိုးရာ သိုင်းအခြေခံသင်တန်း အမှတ်စဉ်(၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။