တွန်းဇံမြို့၌ ၃၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးချိန် တိုးမြှင့်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

တွန်းဇံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲတွင် မြို့မိမြို့ဖများက တယ်လီဖုန်းလိုင်းရရှိရေး၊ လျှပ်စစ်မီးရရှိရေးတင်ပြကြရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက တယ်လီဖုန်းလိုင်းများ ပြန်လည်ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီးအနေဖြင့် တွန်းဇံမြို့တွင် ၃၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် နေ့စဉ် ည ၇နာရီမှ ၉ နာရီခွဲအထိ အချိန်ပိုင်းဖြန့်ဖြူး ပေးလျက်ရှိကြောင

standard

ဖလမ်းမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁
ချင်းပြည်နယ် ဖလမ်းမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၊ တောင်ဇလပ်လမ်း၊ အေဒီ၂၀၀၀ ဂျူဗလီလမ်းနှင့် ဗန်ကာအိုတောင် လမ်းဘေးဝဲယာတို့တွင် အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားခြင်းနှင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း တို့ကို ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ကြသည်။

standard

ဖလမ်းမြို့တွင်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဖလမ်းမြို့ပေါ်ရပ်ကွက် ရှစ်ရပ်ကွက်မှ ဒေသခံပြည်သူများအား ဆန် ၄၃၃ အိတ်နှင့် စားသုံးဆီ ၉၇၈ ပိဿာ ထောက်ပံ့ပေးအပ်

နေပြည်တော် ဇူလိုင် ၃၀
ဖလမ်းမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဖလမ်းမြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် ဖါရ်ထောက်၊ ကျင်မွာလ်၊ တလန် လို၊ ဗလိုင်၊ လိုင်ဇိုး၊ လိုင်လွန်၊ လုံပီးနှင့် ဇာလိုင် စသည့် ရပ်ကွက်ရှစ်ရပ်ကွက်မှ ဒေသခံပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် ဆန် ၄၃၃ အိတ်နှင့် စားသုံးဆီ ၉၇၈ ပိဿာကို ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့ မြို့တော်ခန်းမ၌ ထောက်ပံ့ပေးအပ်သည်။

standard

ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မူလအခြေအနေထက် အစစအရာရာ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် မူဝါဒချမှတ်ထား

ဟားခါး ဇူလိုင် ၂၈
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် အစစအရာရာ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် မူဝါဒချမှတ်ထားကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

standard

ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများနှင့်‌ ကျောင်းသားကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း

 နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၂၇ ရက်၊ နံနက်ပိုင်းက ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်သည်။ အဆိုပါအခမ်းအနားသို့ ချင်းပြည်နယ်စိုက်ပျိုးရေးနှင့် မွေး‌မြူရေးဝန်ကြီး ဦးပေါင်ဇလန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေး ၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းက

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ချင်းပြည်နယ်၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအဖွဲ့ဝင်များဖြင့် တွေ့ဆုံခြင်းနှင့် ကလေးမြို့အတွင်းရှိ သင်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး

ဇူလိုင် ၂၆  ရက် 
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၂၅ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ကလေးမြို့သို့ ရောက်ရှိခဲ့ရာ ချင်းပြည်နယ် အတွင်းရှိ  ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီမှ အဖွဲ့ဝင်များနှင့် ကလေးမြို့၊ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ယခင်‌ဆောင်ရွက် ပြီးစီးမှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

ဇူလိုင်လ  ၂၄  ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့် ရာသီဥတုကို လက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဧရိယာအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

standard

တာချီလိတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့အတွင်း စွမ်းအင်ရရှိရေး ဆိုလာလုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၅၁ ဒသမ ၅၅၀သန်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့မိုင်းပါလျှိုးကျေးရွာအုပ်စု ဝမ်ယန်း ကျေးရွာတွင်  50 W ဆိုလာ ၇၅ စုံတပ်ဆင်ခြင်းနှင့် မိုင်းတုံမြို့နယ် နမ့်ဟူးခွန်ကျေးရွာအုပ်စု ကျေးရွာပေါင်း သုံးရွာတွင် 50 W ဆိုလာ ၅၁၀ စုံတပ်ဆင်ခြင်းလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

standard