အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲကျင်းပ

လပွတ္တာ   မတ်  ၂၇
    ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် (၃) မိုင်မြို့သစ်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းတွင် မတ် ၂၆ ရက် မွန်းလွဲပိုင်းက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲကျင်းပသည်။ 

standard

အောင်ပန်းမြို့၌ စက်မှုလက်မှုပညာသင်တန်းနှင့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲကျင်းပ

ကလော   မတ်  ၂၇
    ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်း အောင်ပန်းမြို့၌ ယမန်နေ့နံနက်ပိုင်းက စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲများကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ 

standard

မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

မိုင်းဆတ်   မတ်  ၂၇
    ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင် တန်း ကျောင်း(မိုင်းဆတ်)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

standard

မြိတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

မြိတ်   မတ်  ၂၇
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်‌လေ့ကျင့်ရေးဦးစီးဌာန(မြိတ်မြို့) အမျိုးသမီးအိမ် တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၊ သာသနာ့ရိပ်သာအနီးရှိ အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

standard

ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ဆင်းပွဲကျင်းပ

ပခုက္ကူ   မတ်  ၂၇
    ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲကျင်းပသည်။ 

standard

ကယားပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဆင်းပွဲတက်ရောက်

လွိုင်ကော်   မတ်  ၂၆
    ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊အမျိုသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းပွဲသို့ တက်ရောက်၍ အမှာစကားပြော ကြားသည်။

standard

လပွတ္တာမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

လပွတ္တာ   မတ်  ၂၆
    ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် (၃) မိုင်မြို့ (၁) ရပ်ကွက် စိန်ပန်းပြာလမ်းရှိ နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၃)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၂၀)၊ ဂဟေသင်တန်းအမှတ်စဉ်(၂၀)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၁၅) နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း က ကျင်းပသည်။

standard