ပြည်ထောင်စုပန်းများ လှပဝင့်ထည်စွာသင်းပျံ့ခဲ့သော နေ့ရက်များ
“အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရင်းခံဖြစ်သလို အနာဂါတ်ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ရေး၏ အခြေခံဇာစ်မြစ်မှာလည်း ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ညီညွတ်စွာ၊ အချင်းချင်းအပြန်အလှန်ချစ်ခင်လေးစားမှုဖြင့် စည်းလုံးညီညွတ်သည့်ပြည်ထောင်စုကြီးတည်ဆောက်မည်ဟူသောခိုင်မာသည့်သန္နိဋ္ဌာန်သည် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ပါသည်။ ငြိမ်းချမ်းတည်ငြိမ်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ ခိုင်ခိုင်မာမာ တည်ဆောက်ရမည်ဖြစ်ရာ အရည်အချင်းမြင့်မား၍ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာသော မျိ