ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ၊ Swisscontact တို့ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၀.၁ သန်းဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၁ နှစ်သက်တမ်းရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ လပွတ္တာအတွက် စွမ်းရည်မြှင့်တင် ရေးဆိုင်ရာအထောက်အပံ့ပေးမည့်စီမံကိန်းအား ၁၁-၉-၂၀၁၈ ရက်နေ့တွင် သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။
![]() |
![]() |
သဘောတူညီမှုစာချွန်လွှာအရ ဆောက်လုပ်ရေးသင်တန်း ၁ ကြိမ်၊ လျှပ်စစ်ပိုင်းဆိုင်ရာ သင်တန်း ၂ ကြိမ်၊ မော်တော်ယာဉ်/စက်ပြင်သင်တန်း ၂ ကြိမ်၊ ဂဟေသင်တန်း ၂ ကြိမ်နှင့် လက်ကိုင် ဖုန်းပြင်သင်တန်း ၂ ကြိမ်တို့ဖြင့် သင်တန်းသားစုစုပေါင်း ၁၂၅ ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၃၅၄၀ တန်ဖိုးရှိ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါသည်။
![]() |
![]() |



