နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ ဘူးသီးတောင်မြို့ ၌ ရွှေ့ပြောင်း ရောက်ရှိလာသော အိမ်ထောင်စုဝင်များအား တွေ့ဆုံ အားပေး

ဘူးသီးတောင် အောက်တိုဘာ ၂၀

     နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ် ဦးညီပုနှင့် အဖွဲ့သည် အောက်တိုဘာ ၂၀ ရက် ညနေ ၃ နာရီတွင် ဘူးသီးတောင် မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ယာယီစခန်း သို့ သွားရောက်ပြီး စခန်းရှိ အိမ်ထောင်စု မိသားစုဝင်များနှင့် တွေ့ဆုံသည်။

     တွေ့ဆုံပွဲတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့က အားပေးစကား ပြောကြားသည်။ ထို့နောက် အိမ်ထောင်စု မိသားစုဝင်များမှ လိုအပ်ချက်များကို တင်ပြကြ ရာ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့မှ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင် ရွက် ပေးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင် မြို့နယ် ပြန်/ဆက်

Post Paragraph