နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ ဆက်သွယ်သည့် ကလွီရွာရှောင်လမ်း ၈၂၈၂ ပေ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်‌‌ရေးရုံး၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုမှတ်တမ်း

 

အဆိုပါလမ်းသည် ချောင်းဆုံမြို့နယ် ကလွီကျေးရွာ-ချောင်းဆုံကျွန်းပတ်လမ်းနှင့် ချိတ်ဆက်ထားပြီး တောင်စွန်းကျေးရွာသို့ ဆက်သွယ်ထားသောလမ်းဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်းအဖြစ် မြေသားတာဘောင်တင်ပြီး မြေသားလမ်း ဖောက်လုပ်ခြင်း၊ တံတား ၂ စင်းနှင့် Box Culvert ၆ စင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်ပြီး ဒေသထွက်ကုန်များ တင်ပို့မှု၊ ကုန်စည်စီးဆင်းမှုများ တိုးတက် ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။

Post Paragraph