နေပြည်တော်၊ မေလ ၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် သည် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၃ ရက်နေ့ ညနေပိုင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် ၁၀၉ ဒဿမ ၈ သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့ လုလေကျေးရွာဘုန်းတော်ကြီးကျောင်း ၆၀X၃၀ ပေ တစ်ထပ် အသစ် တစ်လုံး ဆောက်လုပ်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေး၍ ကျောင်းထိုင်ဆရာတော်ထံ လှူဖွယ်ဝတ္တူငွေများ ဆက်ကပ် လှူဒါန်းခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေ ကျပ် ၂၈၅ ဒဿမ ၂ သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့၊ ဟိုမိန်း-နားမွန်းလုံ ကျေးရွာသွားလမ်းပေါ်ရှိ ပန်သပြေရွာအဝင် ၂၅ ပေ သံကူ ကွန်ကရစ် တံတား ၁ စင်း၊ ပန်သပြေကျေးရွာ၊ ရွာလယ် ၃၀ ပေ သံကူကွန်ကရစ်တံတား ၁ စင်းနှင့် နားမွန်းလုံ ကျေးရွာ ၂၀ ပေ သံကူကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ပြီးစီးမှုအခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဟိုမိန်းမြို့တွင်းလမ်း ၃ မိုင် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့်နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။