နယ်စပ်‌ရေးရာဝန်ကြီးဌာနက ကချင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၂
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဝါတွင်းကာလ သံဃာတော်များ ဆွမ်း အခက်အခဲမရှိစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲ များ လှူဒါန်း လျက်ရှိသည်။
    ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းနှင့် ဝန်ထမ်းများက ပူတာအိုမြို့နယ် ဝင်းလုန်ကျေးရွာ ဟိုကျို ဘုန်းတော်ကြီးကျောင်းရှိ ရဟန်းသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
 

Post Paragraph