နယ်စပ်ရေးရာဝန်ကြီးဌာနက ပျဉ်းမနားမြို့၊ မြို့လယ်ကျောင်းတိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

‌နေပြည်တော် စက်တင်ဘာ ၃
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းမျာသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
    ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ မြို့လယ် ကျောင်းတိုက်သို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ထွဋ်နှင့် တာဝန်ရှိသူများ သွားရောက်၍ ဝါတွင်းကာလ ဝါဆို ဝါကပ်တော်မူကြသည့် သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေး ဆရာတော်၊ သံဃာတော် များနှင့် ရှင်သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် အခြားလှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph