နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့်ကုလားပဲများ ဆက်ကပ်လှူဒါန်း

စစ်တွေ စက်တင်ဘာ ၃
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းအခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း ပေးလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (စစ်တွေ) မှ ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်နှင့် ဝန်ထမ်းများက စစ်တွေမြို့နယ် ဣန္ဒာရာမ ကျောင်းတိုက် ဆရာတော် ဦးဉာဏတဇထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
 

Post Paragraph