နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကျေးရွာချင်းဆက်မြေသားလမ်းများ ဖောက်လုပ်ပေးလျက်ရှိ

ဧပြီလ ၁၂ ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ကောင်းမွန် စေရေး အတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၈၅ ဒသမ ၀၇၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘန်လော - ဘန်သဲ - ကျောက်မီးကျောင်း -မြန်မာအင်းတော်ကျေးရွာချင်းဆက် ၁၁မိုင် ၆ ဖာလုံတွင် မြေသားလမ်းသစ် ၂ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေများအား တနင်္သာရီတိုင်း ဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်)မှ ဒေသကြီးကြပ်ရေးမှူး ဦးရန်လင်းအောင်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ပါသည်။

အဆိုပါမြေသားလမ်း ဆောင်ရွက်ပြီးစီးပါက ၎င်းလမ်းပေါ်ရှိကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၁၉၇ အိမ်၊ လူဦးရေ ၁၀၈၅ ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိရှိရပါသည်။