မေလ ၂၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင် မြို့နယ် အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၁၈ ဒသမ ၃၈၁ သန်းဖြင့် မီးသွေးကုန်း - ဖာလိုင် ကျေးရွာချင်းဆက် မြေသားလမ်း ၅ မိုင်အား အမာခံ မြေလမ်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှမ်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများ ယနေ့တွင် ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးတို့ အတွက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာ၊ အိမ်ခြေ ၁၁၂၀ အိမ်၊ လူဦးရေ ၅၆၂၂ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမို ကောင်းမွန်စေမည် ဖြစ်ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ကြောင်း သိရှိရသည်။