ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် သင်ကြားရေးဆရာ၊ ဆရာမများအား အင်္ဂလိပ်စာ စွမ်းရည်မြင့်မားရေးအတွက် English for Education College Trainers (EfECT) သင်တန်းဖွင့်လှစ်ခြင်း စီမံကိန်း (English for Education College Trainers Project)

ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဗြိတိန်နိုင်ငံ၊ British Council တို့ပူးပေါင်း၍ ၂၀၁၅ ခုနှစ်၊ မေလမှ ၂၀၁၆ ခုနှစ် ဩဂုတ်လအထိ ၁ နှစ် ၄ လသက်တမ်းရှိ English for Education College Triners (EfECT) သင်တန်းဖွင့်လှစ်ခြင်းစီမံကိန်းအား ၁၉-၆-၂၀၁၅ ရက်နေ့တွင် သဘောတူညီမှု စာချွန်လွှာ လက်မှတ်‌ရေးထိုးခဲ့ပါသည်။

သဘောတူညီမှုစာချွန်လွှာအရ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် မှ သင်ကြားရေးဆရာ၊ ဆရာမ ၁၄၀ ဦးအား အင်္ဂလိပ်စာစွမ်းရည်မြင့်မားရေးအတွက် သင်တန်းဖွင့်လှစ် ပို့ချပေးနိုင်ခဲ့ပါသည်။