ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၁၂) ပထမနှစ်သင်တန်းတက်ရောက်ကြမည့် သင်တန်းသားသင်တန်းသူများအား စိစစ်အတည်ပြုရွေးချယ်

dm_2

နေပြည်တော် နိုဝင်ဘာလ ၆ ရက်
             နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၅ ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၁၂)သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ အား စိစစ်အတည်ပြုရွေးချယ်ခဲ့ပါသည်။
             ဦးစွာ ဒုတိယဝန်ကြီးသည် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ် သင်တန်းသို့ တက်ရောက်မည့် သင်တန်းသားသင်တန်းသူများအားတွေ့ဆုံအမှာစကားပြောကြားပြီး သင်တန်းသား၊  သင်တန်းသူများ ထားရှိမည့် အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာများနှင့် ကျောင်းဝင်း အတွင်း စိုက်ပျိုး/မွေးမြူရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြား ခဲ့ပါသည်။
             နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း) နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများကို ရွေးချယ်ရာတွင် နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သတ်မှတ်အမှတ်ပြည့်မီသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှ ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသော တိုင်းရင်းသား၊ တိုင်းရင်းသူများ ကို လူတွေ့ စစ်ဆေးအတည်ပြုရွေးချယ်ခဲ့သည်။
             ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီက  မြန်မာနိုင်ငံ တစ်ဝန်းရှိ ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများမှ သင်တန်းသား၊ သင်တန်းသူ ၁၅၁ ဦးအား ပညာရေးဘွဲ့ (B.Ed) ၅ နှစ် သင်တန်းအတွက် စိစစ်အတည်ပြုရွေးချယ်ခဲ့သည်။ ရွေးချယ်အတည်ပြု ထားသည့် သင်တန်းသား၊ သင်တန်းသူများအား ၅ နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်း ပြီးချိန်တွင် ပညာရေးဘွဲ့ (B.Ed) အပ်နှင်းကာ အထက်တန်းပြ ဆရာ၊ ဆရာမများ အဖြစ် ခန့်အပ် တာဝန်ပေးအပ်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Post Paragraph