ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) တွင် မြန်မာ့ရိုးရာသိုင်းပညာ(အဆင့်မြင့်) သင်တန်းအမှတ်စဉ် (၁) ဖွင့်လှစ်

    ပညာသင်ယူနေကြသည့် တိုင်းရင်းသား လူငယ်မောင်မယ်များကို ကျန်းမာကြံ့ခိုင်ပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တ စသည့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်း များ ဖြစ်လာစေရန်နှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်လိုသည့် စိတ်ဓာတ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြန်မာ့ရိုးရာသိုင်းပညာ(အဆင့်မြင့်)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၄နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်း ရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထိန်လင်းက အဖွင့်အမှာ စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
    ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်အထိ ရက်သတ္တငါးပတ်ကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

Post Paragraph