ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် အာဆီယံ-အမေရိကန် ကာကွယ်ရေး၀န်ကြီးများ အစည်းအဝေးနှင့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးများ တက်ရောက်ခြင်းမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ အောက်တိုဘာလ (၁၀) ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံ၊ ဟိုနိုလူလူမြို့တွင် (၂၉-၉-၂၀၁၆) ရက်နေ့မှ (၁-၁၀-၂၀၁၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-အမေရိကန် ကာကွယ်ရေး၀န်ကြီးများ အစည်းအဝေးနှင့် (၃-၁၀-၂၀၁၆) ရက်နေ့မှ (၇-၁၀-၂၀၁၆) ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးအား တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် (၁၀-၁၀-၂၀၁၆) ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ (၁၄:၀၀) နာရီတွင် ရန်ကုန်အပြည်အပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိသည်။