ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဆွီဒင်နိုင်ငံအခြေစိုက် (ISDP) ၏ အမှုဆောင်ဒါရိုက်တာ လာရောက်တွေ့ဆုံ

နေပြည်တော်၊ မတ်လ ၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဆွီဒင်နိုင်ငံအခြေစိုက် Institute For Security and Development Policy (ISDP) ၏ အမှုဆောင်ဒါရိုက်တာ Mr. Niklas Swanstrom သည် ယနေ့နေ့လည် (၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့ အစည်း သဟဇာတဖြစ်စွာ အတူလက်တွဲနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများနှင့် ဒေသအတွင်း စီးပွားရေး၊ လူမှုရေးနှင့်ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုတိုးတက် ကောင်းမွန်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးနေမှုအခြေအနေများ၊ UN, NGOs, INGOs အဖွဲ့အစည်းများနှင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများ၊ နယ်စပ်ဒေသများရှိ IDPs များနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ သုတေသန သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ISDP တို့အကြား ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။