ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ မတ်လ ၁၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးခင်မောင်ထွဋ်သည် တာဝန်ရှိသူများ လိုက်ပါလျက် (၁၀-၃-၂၀၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် မြေပုံမြို့နယ်၊ ကျွန်းသာယာကျွန်းတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်  ဖောက်လုပ်ပြီးစီးခဲ့သည့် မြေသားလမ်း (၃) မိုင်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဖောက်လုပ်ပြီးစီးခဲ့သည့် မြေသားလမ်း (၄) မိုင်တို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    အဆိုပါ မြေပုံမြို့နယ် ကျွန်းသာယာကျွန်းတွင် ကျွန်းသာယာကျေးရွာ၊ ပြင်ချောင်းကျေး ရွာ၊ အုန်းချောင်းကျေးရွာ၊ ပြင်ဝိုင်းကျေးရွာ (၄) ရွာတည်ရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ဒေသခံပြည်သူလူထု၏ အမှန်တကယ် လိုအပ်ချက်ရှိသည့် ကျေးရွာ (၄) ရွာ ရွာချင်း ဆက်လမ်း ဖောက်လုပ်ပေးခဲ့မှုကြောင့် ယခင်က လမ်းမရှိ၍ သွားလာရန်အလွန်ခက်ခဲ့သည့် ဒေသခံရွာသူ ရွာသားများမှ ဝမ်းသာပျော်ရွှင် ကျေးဇူးတင်မဆုံး ဖြစ်နေကြကြောင်းသိရပါသည်။

 

Post Paragraph