နမ့်စန် မေ ၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအာင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် တာဝန်ရှိသူများသည် မေ ၂ ရက် နံနက် ၁၁ နာရီက နမ့်စန်ခရိုင် နမ့်စန်မြို့နယ် ဝမ်းပုံကျေးရွာရှိ ချယ်ရီဝက်မွေးမြူရေးခြံ၌ ဒေါ်နန်းမတ် မွေးမြူထား သော CP ဝက်မျိုးကောင်ရေ ၆၀၀ နှင့် နမ့်စန်မြို့ ထင်းရှူးရပ်ကွက်တွင် CP brown ဥစားကြက် ကောင်ရေ ၁၀၀၀၀ မွေးမြူထားသော ဦးဝင်းဇော်၏ ဥစားကြက်ခြံနှင့် နှစ်ရှည်သီးနှံ (မက္ကဒေး မီးယား) စံပြသုတေသနစိုက်ကွက် ခြောက်ဧကအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နမ့်စန်လေတပ် တပ်နယ်ခန်းမတွင် စစ်မှုထမ်းဟောင်းအဖွဲ့နှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းတို့က စစ်မှုထမ်းဟောင်းအဖွဲ့အား စားသောက်ဖွယ်ရာ ပစ္စည်းများ ချီးမြှင့်ပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြသည်။ ယင်းနောက်နမ့်စန်လေတပ်စခန်းရှိ တပ်နယ်ခန်းမတွင် လေကြောင်း လူငယ်အခြေခံ သင်တန်း(၁/၂၀၂၄) သင်တန်းသား/သင်တန်းသူများ သင်တန်းတက်ရောက် သင်ကြားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု့အားပေးစကား ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ နမ့်စန်မြို့နယ်ခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များနှင့် တွေ့ဆုံရာ နမ့်စန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက နမ့်စန်မြို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြပြီး တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ပြီး နမ့်စန်မြို့နှင့် မိုးနဲမြို့အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား ထုတ်ကုန်လုပ်ငန်း များဖြစ်သော ဒေသထွက်ကုန်ပစ္စည်းများ ပြခန်းကို ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လင်းခေးခရိုင် လင်းခေးမြို့နယ်ရှိ ဒါးဆိပ်-နောင်လုံ-ဝမ်စစ် လမ်း ၁၂/၀ မိုင် အနက် ၂/၀ မိုင် ကွန်ကရစ် လမ်းခင်း ခြင်းလုပ်ငန်းနှင့် ဒါးဆိပ်မြစ်ရေတင်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လင်းခေးတပ်နယ် အောင်ဆန်း ခန်းမတွင် စစ်မှုထမ်းဟောင်းများနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က စစ်မှုထမ်းဟောင်းအဖွဲ့အား စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ လမ်းညွှန်အမှာစကားပြောကြား၍ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ က လက်ခံရယူကြောင်း သိရသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.