ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ Japan Myanmar Association တို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၀.၉၇ သန်းဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၂ နှစ် သက်တမ်းရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်း (သူနာပြုအလုပ်သင် သင်တန်း) ဖွင့်လှစ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအား ၂၂-၁-၂၀၂၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ နားလည်မှုစာချွန်လွှာ အရ သင်တန်း ၁ ကြိမ်လျှင် သင်တန်းသား ၆၀ ဦး၊ သင်တန်းကာလ ၁၂ လ ဖြင့် စီမံကိန်းကာလ အတွင်း သင်တန်း ၄ ကြိမ်ဖွင့်လှစ်သွားမည်ဖြစ်ပြီး Myanmar Sankou Co.,Ltd (Japan) ကုမ္ပဏီဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။
သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် နယ်စပ်ဒေသများရှိ တိုင်းရင်းသူများနှင့် လူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ ဘိုးဘွားရိပ်သာ ၈၈ ခုတို့မှ စိတ်ပါဝင်စားပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီ သည့် သင်တန်းသူများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဝင်ခွင့်စာမေးပွဲ ရေးဖြေနှင့် လူတွေ့ စစ်ဆေးမှုများဆောင်ရွက်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ပါသည်။