ဧပြီလ ၂၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နယ်စပ်ဒေသ ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် စခန်းကြီး ကျေးရွာအုပ်စု၊ စခန်းကြီး-အတွင်းစခန်းကြီး-ရဲတံခွန်လမ်း ၃ မိုင် ၂ ဖာလုံအနက် ၂ မိုင် ကျောက်ခင်း ခြင်း၊ ပယော်ဟဲကျေးရွာအဝင်လမ်း ၁ မိုင် ၄ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ဝဲကလိကျေးရွာ အုပ်စု၊ ဝဲကလိ - အိုင်ရှည် လမ်း ၃ မိုင်အနက် ၁ မိုင် ၄ ဖာလုံ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း လုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ ကျပ် ၅၂၇ ဒသမ ၁၅၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ မိုးမကျမီ အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။