July 2023

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ဇူလိုင် ၂
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက် ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဥ်များကို ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပရာ ပြိုင်ပွဲအသင်းများ ဆက်လက်ယှဥ်ပြိုင် ကစားကြသည်။
နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန (က) အသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန (က)အသင်းက  ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။

standard

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ဇွန် ၃၀
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသောဦးတည်ချက်ဖြင့် ကျင်းပလျက် ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အဋ္ဌမနေ့ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ်များကို နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းများ၌ ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
နံနက်ပိုင်းတွင် လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ ပညာရေးဝန်ကြီးဌာန (က) အသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန (က)အသင်းက ရှစ်ဂိုး- သုံးဂိုးဖြင့် အနိုင်ရရှိသွားသည်။

standard