November 2025
လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဖလှယ်ပွဲနှင့် တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ မြစ်ကြီးနားမြို့၌ ကျင်းပ
မြစ်ကြီးနား နိုဝင်ဘာ ၁၆
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
မြစ်ကြီးနားမြို့၌ကျင်းပသည့် ရိုးရာကောက်သစ်စားပွဲတော်သို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားကာကွယ်ရေးနှင် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေး အဖွဲ့ဝင်များ တက်ရောက်
မြစ်ကြီးနား နိုဝင်ဘာ ၁၅
ကချင်ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားတို့၏ ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ် ဆန်စပါးနှင့် ကောက်ပဲသီးနှံရိတ်သိမ်းပြီးချိန်တွင် ကျင်းပသည့် ရိုးရာကောက်သစ်စား (အင်လုံ အင်နန်ရှား) ပွဲတော်ကို ယခု ၂၀၂၅ ခုနှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံကချင်လူမျိုး ရိုးရာယဉ်ကျေးမှု အသင်းချုပ်တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ဌာနေတိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် မြစ်ကြီးနားမြို့၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ
မြစ်ကြီးနား နိုဝင်ဘာ ၁၄
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံကြသည်။
ရေဖြူမြို့နယ် အိန္ဒရာဇာ-ဆင့်ကူး-လယ်ကြီး-မင်းသား-ဆင်စွယ်-ရေငံကြီး-စိန်ဘုံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် အိန္ဒရာဇာ-ဆင့်ကူး-လယ်ကြီး-မင်းသား-ဆင်စွယ်-ရေငံကြီး-စိန်ဘုံလမ်း ၁၅/၀ မိုင်ပေါ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၂၅ ဒသမ သန်းဖြင့် ကွန်ကရစ် ခင်းခြင်းလုပ်ငန်း အောက်ခံကျောက်အပါ ၀/၆ မိုင်လုပ်ငန်းအား သတ်မှတ် စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။