နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးခင်မောင်ထွဋ်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နေ့လည် (၂) နာရီအချိန်တွင် စစ်တွေမြို့နယ်အတွင်းရှိ ပလ္လင်ပြင်-အောင်ဒိုင်-ကြက်ရိုးပြင် တိုင်းရင်းသားကျေးရွာများအတွက် ဆက်သွယ်ဖောက်လုပ်လျက်ရှိသည့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း (၃/၁) မိုင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား အရည်အသွေးပြည့်ဝပြီး ခံယူချက်မှန်ကန်စွာဖြင့် မိမိတို့ လုပ်ငန်းအတွက် တာဝန်ယူပြီး လုပ်ငန်းအပေါ် အကောင်းဆုံးဖြစ်စေရန် သိက္ခာရှိစွာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းရှင်များကို စနစ်တကျ ရွေးချယ်အပ်နှံထားသည့်အတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် အချိန်မီပြီးစီးမည်ဟု ယုံကြည်ပါကြောင်း မှာကြားခဲ့သည်။