၂၀၁၇ ခုနှစ်၊ ပထမအကြိမ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲဆက်လက်ကျင်းပ
နေပြည်တော်၊ နိုဝင်ဘာလ၂၂ရက်
၂၀၁၇ ခုနှစ်၊ ပထမအကြိမ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးပြိုင်ပွဲကို ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိကျောင်းများ၌ ရန်ကုန်(ဇုံ)နှင့်စစ်ကိုင်း(ဇုံ)ခွဲ၍၁၄-၁၁-၂၀၁၇ရက်နေ့မှစတင်ကာသက်ဆိုင်ရာကျောင်းများ၏ အားကစားကွင်းတွင်အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားခဲ့ကြပြီးအုပ်စု (ပထမ)နှင့် အုပ်စု (ဒုတိယ)ရရှိသောအသင်းများကိုနေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ အကြိုဗိုလ်လုပွဲများယှဉ်ပြိုင်ကစားကြခဲ့ကြပါသည်။