ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(UNODC) မှ Country Manager လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ ၁၅
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး ( UNODC) မှ  Country Manager       Mr. Troels Vester သည် ယနေ့ မွန်းလွဲ (၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။

standard

နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့်ဇနီး ဒေါ်စုစုလွင် ကချင်ပြည်နယ် နောင်မွန်းမြို့နယ်ရှိ ရပ်ဘော့တံတား(နောင်မွန်း) ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပူတာအို ဇန်နဝါရီ ၁၃
    ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့်ဇနီးဒေါ်စုစုလွင်တို့သည် ယနေ့နံနက်ပိုင်းတွင် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်အနီး ကဆန်ခချောင်းပေါ်ရှိ ရပ်ဘော့တံတား(နောင်မွန်း) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အားပေးသည်။

standard

အိန္ဒိယသမ္မတနိုင်ငံ၏ တတိယအကြိမ် အထောက်ပံ့ဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆောင်ရွက်မည့် တင်ဒါလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ  ၅
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာ၀န်ယူဆောင်ရွက်မည့် အိန္ဒိယသမ္မတနိုင်ငံ၏ တတိယအကြိမ် အထောက်ပံ့ဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆောင်ရွက်မည့် လမ်း/တံတားနှင့် ပညာရေး တင်ဒါလုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေးအား (၅-၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

standard

အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ ရန်ပုံငွေလျာထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂
    မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ် ရေးဗဟိုအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့၏ ရန်ပုံငွေလျာထားရေး (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့မွန်းလွဲ (၂) နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

standard