နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်း၊ ဘုတ်ပြင်း၊ ဇာဒက်ကြီးကျွန်း မြို့နယ်များသို့ (၁၆-၁၂-၂၀၁၇)ရက်နေ့မှ (၂၀-၁၂-၂၀၁၇) ရက်နေ့အထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

standard

ဘိန်းအစားထိုး ကော်ဖီစိုက်တောင်သူများနှင့် ပြင်သစ်နိုင်ငံမှ Malongo ကော်ဖီကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

နေပြည်တော် ဒီဇင်ဘာ ၈
     ဘိန်းအစားထိုး ကော်ဖီစိုက်တောင်သူများနှင့် ပြင်သစ်နိုင်ငံမှ Malongo ကော်ဖီကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း (၃/၂၀၁၇) သြဝါဒခံယူခြင်း ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာလ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ၂၂-၁၁-၂၀၁၇ ရက်နေ့ ညနေ ၃ နာရီတွင် ဝန်ကြီးဌာနစုပေါင်း အစည်းအဝေးခန်းမ၌ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းများမှ ကျောင်းအုပ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၃/၂၀၁၇) သင်တန်းသို့ တက်ရောက်လျက်ရှိသော ကျောင်းအုပ် (၄၁) ဦးအားလမ်းညွှန်သြဝါဒ အမှာစကား ပြောကြားခဲ့ပါသည်။

standard

အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၃
    မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမူ အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့မွန်းလွဲ (၃) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

standard