နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား The Border Consordium (TBC) မှ Myanmar Programme Director လာရောက်တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၂၇
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား The Border Consordium (TBC) မှ Myanmar Programme Director ဖြစ်သူ Mr. Duncan McArthur မှ ယနေ့နံနက် (၁၀) နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ရာ TBC မှ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ပေါင်းစည်းရေး စီမံကိန်းအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ရန် စီမံကိန်းအဆိုပြုလွှာ တင်သွင်းခြင်းနှင့် စီမံကိန်းဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။