နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား Melteser International မှ Programme Coordinator လာရောက်တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၆
      နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား Melteser International မှ Programme Coordinator ဖြစ်သူ ဦးမင်းနိုင်ဦးမှ (၂၆-၁၀-၂၀၁၆) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ရာ Melteser International မှ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဆောင်ရွက်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစည်းစီမံကိန်းအတွက် နားလည်မှုစာချွှန်လွှာ သက်တမ်းတိုးမြှင့်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။