နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၄
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်  ဦးရဲနိုင်သည် (၁၀-၇-၂၀၁၇)ရက်နေ့မှ (၁၃-၇-၂၀၁၇)ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ မုံရွာ၊ ကသာ၊ ဗန်းမောက်၊ ပင်လည်ဘူးမြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ရှေးဦးစွာ အမြဲတမ်းအတွင်းဝန် ဦးဆောင်သောအဖွဲ့သည် (၁၀-၇-၂၀၁၇) ရက်နေ့နှင့် (၁၁-၇-၂၀၁၇) ရက်နေ့များတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)သို့ရောက်ရှိပြီး ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သည့် ကျောက်လမ်း(၂၀၅၀)ပေ ဖောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက်  တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (မုံရွာ)နှင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ကသာ)သို့ရောက်ရှိကာ ဝန်ထမ်းများနှင့်တွေဆုံခဲ့ပြီး ရုံးဝန်း အတွင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် (၁၂-၇-၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း(ကသာ) ဆောက်လုပ်မည့် မြေနေရာတွင်ကျင်းပသည့် ပန္နက်တင်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကသာမြို့ပေါ်ရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်ကာ ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများအတွက် ကျောင်းဝတ်စုံ(ဖြူ/စိမ်း)၊ စာရေးကိရိယာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဗန်းမောက်)သို့ရောက်ရှိကာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ သည်။ ထိုမှတဆင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်  ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဝန်းသို-ဗန်းမောက် ကျောက်လမ်း (၄/၀)မိုင် ဖောက်လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အခြေခံပညာအလယ်တန်းကျောင်း(ချောင်းဆုံ)၌ ဆရာဆရာမများ၊ ကျောင်းသား/သူများ ရပ်မိ ရပ်ဖများနှင့်တွေ့ဆုံကာ ကျောင်းဝတ်စုံ(ဖြူ/စိမ်း)နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ် ခဲ့ပါသည်။ ညနေပိုင်းတွင် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ပင်လည်ဘူး)သို့ ရောက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရုံးအဆောက်အဦများ တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

 

Post Paragraph