နယ်စပ်ရေးရာဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်များတွင် သီတင်း သုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ စာသင်သားသာမဏေများနှင့် သီလရှင် များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားလှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီး ဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်လင်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗုသီရိမြို့နယ်ရှိ ဆင်ဖြူရှင်တောရဘုန်းတော်ကြီးကျောင်းနှင့် ပါရမီဗုဒ္ဓ ဝိဟာရ ဘုန်းတော်ကြီးကျောင်းများသို့ လည်းကောင်း၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင် ရပ်ကွက်ရှိ ရတနာစံပရိယတ္တိစာသင်တိုက်နှင့် သီရိရတနာဘုန်းတော်ကြီး ကျောင်းတိုက်များ သို့လည်းကောင်း ရောက်ရှိ၍ အဆိုပါကျောင်းတိုက်များတွင် သီတင်းသုံးတော်မူလျက် ရှိကြ သည့်ဆရာတော်၊ သံဃာတော်များနှင့် စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.