နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၄၂ ဒသမ ၂၉၄ သန်းဖြင့် ဆောင်ရွက်ခဲ့သော လွိုင်လင်မြို့နယ်၊ ဆနင်း-နားတစ်-နောင်လိုင် ကျေးရွာ အုပ်စု ချင်းဆက်လမ်း ၂၅ မိုင်အနက် ၁၀ မိုင် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ၅ ပေ Box Culvert ၁၂ စင်းတည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယနေ့နံနက် ပိုင်းတွင် လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ သည်။
အဆိုပါလမ်းဖောက်လုပ်ပြီးစီးမှုကြောင့် လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာ ၃၁ ရွာ၊ လူဦးရေ ၄၀၆၂ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည့် လူမှုစီးပွား ဘဝများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်းသိရသည်။