နေပြည်တော်၊ ဇန်နဝါရီလ ၁၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ဌာနေကိုယ်စားလှယ် Mr. Domenico Scalpelli သည် ယနေ့နေ့လည် (၂) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် WFP တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။