ဝါတွင်းကာလအတွင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် အာဟာရများ ဆက်ကပ်လှူဒါန်း

    နယ်စပ်ရေးရာဝန်ကြီးဌာနသည် ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးတွင် ဝါတွင်းကာလ ဝါဆိုဝါကပ် တော်မူကြသည့် သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်၊ဆီ၊ ဆား၊ ကုလားပဲများနှင့် အခြားလှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
    ထိုသို့ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကြည်နှင့်တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ မနှင်းဆီကျောင်းတိုက်ရှိ ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များနှင့် စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကုလားပဲနှင့် အခြားလှူဖွယ်ဝတ္ထု ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
 

Post Paragraph