September 2026
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လမ်း၊ တံတားနှင့် အဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၆) ကျင်းပပြုလုပ်
စက်တင်ဘာလ ၉ ရက်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ပဉ္စမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ
ရန်ကုန်၊ သြဂုတ်လ (၂၉)
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၏ ပထမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲကို အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ဖလမ်းမြို့ပြည်သူ့ဆေးရုံ အပျက်အစီးများရှင်းလင်းဖယ်ရှားမှု ကြည့်ရှုစစ်ဆေးပြီး ထာဝရဘုရားထံ ဖလမ်းမြို့ပြန်လည်ဆက်ကပ်အပ်နှံခြင်းဆုတောင်းပွဲသို့တက်ရောက်အမှာစကားပြောကြား
ဩဂုတ် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ဩဂုတ်လ ၂၉ ရက်နေ့ က ဖလမ်းမြို့ပြည်သူ့ဆေးရုံ အပျက်အစီးများရှင်းလင်းဖယ်ရှားမှု ကြည့်ရှုစစ်ဆေးပြီး ဖလမ်း နှစ်ခြင်းအသင်းတော်တွင် ကျင်းပပြုလုပ်သည့် ထာဝရဘုရားထံ ဖလမ်းမြို့ ပြန်လည်ဆက်ကပ် အပ်နှံခြင်း ဆုတောင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။