၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၃၀ ဒသမ ၇၄၈ သန်းဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု နယ်စပ်မှ နမ့်နီ/ နမ့်လုံအုပ်စု နမ့်ခမ်း-ဝမ်ကောင်း-ကဲရွှေ-နမ့်နီ-နမ့်ကဲ-ရှန်ထနူး ကျေးရွာချင်းဆက်လမ်း ၁၅/၀ မိုင်အနက် ၆/၀ မိုင်မြေသားလမ်းဆောင်ရွက်ပြီး ကျန် ၉/၀ မိုင်တွင် ၅/၀ မိုင်အား အကျယ် ၁၂ ပေမှ ကျန်အကျယ် ၂၆ ပေ မြေသားလမ်း တာချဲ့ခြင်းနှင့် ယင်း၅/၀ မိုင်ပေါ် Box Culvert များ တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်နှင့် တာဝန်ရှိသူ များက မတ် ၂၅ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ် တို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၅၉၅၉ ဒသမ ၁၈၆ သန်းဖြင့် မြေသားလမ်း၊ မြေသားလမ်းတာချဲ့ခြင်း၊ ဖြုန်းခင်းခြင်း၊ ကျောက်လမ်း၊ ကျောက်လမ်းပြင်ထိန်း၊ ကွန်ကရစ်လမ်း၊ ကွန်ကရစ်တံတား၊ ဘေလီတံတား၊ ကြိုးတံတား၊ Box Culvert ၊ Pile Culvert၊ ကျောက်စီရေမြောင်း၊ မြေထိန်းနံရံ၊ သာသနာရေးလုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်၊ နမ့်ခမ်း-ဝမ်ကောင်း-ကဲရွှေ-နမ့်နီ-နမ့်ကဲ-ရှန်ထနူး ကျေးရွာချင်းဆက်လမ်း ရာနှုန်းပြည့်ပြီးစီး
Post Paragraph
Paragraph Images