မောင်တော ဇူလိုင် ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းတွင် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့မှ ကြီးမှူးဖွင့်လှစ်သည့် ပန်းအလှဆင် ဆင့်ပွားသင်တန်းကို ဇူလိုင် ၁၆ ရက်က အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူများက ပန်းအလှဆင်ဆင့်ပွားသင်တန်းဖွင့် လှစ်ပို့ချရခြင်းများနှင့် ပတ်သက်၍ အတတ်ပညာတစ်ခုတတ်မြောက်ခြင်းအားဖြင့် မိသားစုဝမ်းရေးအတွက် အဆင်ပြေကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချပေးမည့်အခမ်းအနားများတွင် အသုံးပြုနိုင်သည့် ပန်းအလှဆင် နည်းစနစ်များ၊ ပန်းအမျိုးမျိုးနှင့် အလှဆင်ပန်းအိုးများပြုလုပ်ရခြင်းများကို ရှင်းလင်းပြောကြား ခဲ့သည်။ အဆိုပါသင်တန်းကို နည်းပြများက သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသူ ၃၀ ဦးက တက်ရောက်သင်ယူမည်ဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်
ခရိုင်(ပြန်/ဆက်)
မောင်တော